U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

Information

Translators

This group is organized with the willingness of discovering different aspects to convert two languages each other.Posts of translated articles,poems and novels from up coming members are cordially welcome.

Members: 6
Latest Activity: Aug 2

Discussion Forum

Start a Discussion

Nobody has added any discussions yet! Add a discussion to get started.

Start a Discussion

Comment Wall

Comment

You need to be a member of Translators to add comments!

Kaung Htet Hein Comment by Kaung Htet Hein on August 2, 2009 at 9:18pm
Leh War is Welcome..
Kaung Htet Hein Comment by Kaung Htet Hein on August 2, 2009 at 6:46pm
"စကားလုံးကျွန်ခံတယ်" ဆိုတဲ့စကားကိုပဲ ကျွန်ခံပြီးမရေးချင်လို့ပါကွ။ပြီးတော့ နားမရှင်းမှာ စိုးလို့လေ..။ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်းက ဖတ်တဲ့သူအတွက် မေးခွန်းတစ်ခုအဖြစ် မကျန်ခဲ့စေချင်လို့... :)
botataung Comment by botataung on August 2, 2009 at 4:54am
ဘယ်ကလာ စကားလုံး အလွံအကျွံ လုံးကောက် ဘာသာပြန်ရမှာလဲ....။ စကားလုံး
ကျွန်ခံပြီး မပြန်ရဘူးလို့ ပြောတာပါဟ.....။ ဘာသာပြန်တဲ့သူ မြန်မာစာကျွမ်းကျင်သလား
မကျွမ်းကျင်ဘူးလားဆိုတာကို အဲ့ဒီအချက်တစ်ချက်ထဲနဲ့ ဆုံးဖြတ်လို့ရတယ်....။ ဘာသာပြန်ကာစ ဆိုရင်စကားလုံးကို ကျွန်ခံပြီး လုံးကောက်ဘာသာပြန်တွေ ဖြစ်နေတာ
များတယ်...။ ဒါကလဲ ဘာသာပြန်နေတဲ့သူရဲ့ စိတ်ထဲမှာ စာဖတ်တဲ့သူရဲ့နားထဲ
လျှောကနဲ၊ ဒက်ကနဲ သဘောပေါက်သွားအောင် စာချောအောင် ရေးဖို့ထက်
သူဘာသာပြန်တာ မူရင်းနဲ့ လွဲနေပါတယ်လို့ ဝေဖန်မခံချင်တဲ့ စိတ်ကြီးက စောနေလို့။
တိုက်ရိုက်ဘာသာပြန်ထဲမှာ စာအချောဆုံးရေးနိုင်သူကို ပြောပါဆိုရင် ဆရာမောင်ထွန်းသူ
လို့ထင်ပါတယ်....။ သူ့ရဲ့မြန်မာစာ အရေးအသားက အရမ်းညက်တယ်။ အင်္ဂလိပ်နာမည်တွေ
နဲ့ရေးထားလို့သာ တိုက်ရိုက်ဘာသာပြန်လို့ သိတာ။ သူဘာသာပြန်ခဲ့တဲ့ အိုဟင်နရီရဲ့
လက်ရွေးစင် ၀တ္တုတိုများ စာအုပ်ကိုဖတ်ကြည့်ရင် ပိုသိသာပါတယ်။ လွတ်လပ်ရေး
ရပြီးကာစခေါတ်ကဆိုရင်တော့ ဆရာကြီးရွှေဥဒေါင်းတို့၊ ဆရာထင်လင်းတို့ အများကြီးပေါ့
ဒါပေမယ့် ဘာသာပြန်ရေးလိမ့်မယ်လို့ မထင်ထားမိခဲ့တဲ့ စာရေးဆရာတစ်ယောက်
ရှိသေးတယ်။ ဆရာတင့်တယ် ရယ်ပါ။ သူကပြန်မယ့်ပြန်တော့လဲ မိုဘီဒစ် ကိုပြန်ပါတယ်။
ကောင်းချက်ကတော့ အစကနေအဆုံးအထိ စာအုပ်ကို လက်ကမချနိုင်လောက်အောင်
ကောင်းပါတယ်။ အဲ့ဒီမှာ စာအရေးအသားချောတာနဲ့ စကားလုံးကို လုံးကောက်ပြန်တာ
ပိုရှင်းအောင်ပြောရရင် မြန်မာစာအရေးအသားထက် မူရင်းစာကို ပိုအရေးထားပြီး ပြန်တာ
နှစ်ခုကွဲပြားပုံကို ယှဉ်ပြချင်သေးတယ်။ မိုဘီဒစ်ကို ဆရာတင့်တယ်က ဇာတ်လမ်းအကျဉ်း
ပြန်တယ် စာအုပ်က လက်တစ်လုံးကျော်လောက်ပဲ။ အဲ့ဒီဇာတ်လမ်းကိုပဲ ဆရာနတ်နွယ်က
အပြည့်အစုံပြန်တယ်။ စာအုပ်မှ အထူကြီးပဲ။ ဒါပေတည့် ဆရာနတ်နွယ်ရေးတဲ့မူကို
ဖတ်ရတာ ဘယ်လိုမှ အရသာမတွေ့ဘူး။ သူကဘာသာပြန်ရင် လုံးကောက်မဟုတ်တောင်မှ
အင်္ဂလိပ်စာဘက်ကို အရေးပေးလွန်းတယ်။
အဲ့ဒီတော့ ကိုယ်က ဘာသာပြန်ရင် ဘယ်လိုစတိုင်မျိုးနဲ့ ပြန်တယ်မေး။
ကိုယ်ကမြန်မာလို စကားပြောရင်တောင် လူတိုင်းကျလောက်အောင် ပြောနိုင်သူမှ
မဟုတ်တာ...မူရင်းစာရေးဆရာရဲ့ ဆိုလိုချက်ကို အနီးစပ်ဆုံးဖြစ်အောင်ပဲ ပြန်နိုင်တာပေါ့။
ဆရာတင့်တယ်လို၊ ဆရာမောင်ထွန်းသူလို မြန်မာစာအရေးအသားဘက်ကို ပိုဦးစားပေးတာ
ပါပဲ။ ဒါပေမယ့် စာပေစည်းကမ်းတစ်ခုကိုတော့ အတိအကျလိုက်နာတယ်။
မူရင်းထဲမှာ မပါတဲ့ဟာကို ရေးမထည့်ဘူး။ မူရင်းထဲမှာ ပါတဲ့ဟာကို ဖြုတ်မထားခဲ့ဘူး။
Kaung Htet Hein Comment by Kaung Htet Hein on August 2, 2009 at 12:05am
Guys.. I posted something about translation in Forum and expecting you to contribute yours out there.
Kaung Htet Hein Comment by Kaung Htet Hein on August 1, 2009 at 11:57pm
On behalf of the group,I would like to warmly welcome Alvin to our Translators Group and appreciate for joing us.Alvin is kindly invited to put forward if there would have been something to discuss about translation.
Myo Thein Comment by Myo Thein on July 31, 2009 at 11:32am
I don't know a bit about translation and I have never done any professional translation, so in other words, I am just at the beginner level of translation.
But i dont like some translated books from English to Myanmar because some are mixed up with the authors' opinions and feelings which darkens the originality.
Kaung Htet Hein Comment by Kaung Htet Hein on July 16, 2009 at 6:35am
ဟုတ်ကဲ့ နောက်ပြီးတော့ ကျွန်တော်မှတ်မိတာက စကားလုံးကိုအလွန်အကျွံ လုံးကောက် ဘာသာပြန်ရင်လဲ လိုရင်းအဓိပ္ပာယ်ကနေ သွေဖီတတ်ကြောင်းနဲ့ ဘာသာပြန်သူဟာ မိခင်ဘာသာစကားကို ၁၀၀%၊ဘာသာပြန် ဘာသာစကားကိုတော့ အနည်းဆုံး ၆၀ မှ ၈၀% အထိ ကျွင်းကျင်ဖို့လိုအပ်ကြောင်းတို့ပါ။
kohtay Comment by kohtay on July 16, 2009 at 12:08am
sorry ကောင်းထက်ရေ ကိုယ်လည်း တစ်နေကုန် နိုင်ငံတကာကုမ္ပဏီတွေကို ကုန်ပစ္စည်း order တွေသာ ထိုင်ရေးနေတာ ဘာသာပြန်နဲ့က ဝေးနေတာ အတော်ကြာပီ ဒါပေမယ့် ဘာသာပြန်သူဟာ မူရင်စာရေးဆရာကို ဘယ်တော့မှ သစ္စာ မဖေါက်ရဘူး ပီးတော့မေးခွန်းမရှိရဘူး ဆိုတာတော့ ကောင်းကောင်းမှတ်မိနေသေးတယ်၊ ဒီကနေ့ထိ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ စာတွေကိုတော့ ဆရာ့ရဲ့ Read in the line ဆိုတာနဲ့ ကျော်ဖြတ်ခဲ့တာပါပဲ။
Kaung Htet Hein Comment by Kaung Htet Hein on July 15, 2009 at 3:40am
ကိုဌေးရေ..ဆရာ့ရဲ့ ဘာသာပြန်ခြင်းဆိုင်ရာအဆိုအမိန့်များနဲ့ ဒီကဏ်ဍလေးကိုစကြရအောင်..။ ကျောင်းသားတစ်ယောက်အနေနဲ့ ဘာသာပြန်နိုင်ဖို့ ဘယ်လိုပြင်ဆင်သင့်တယ်လို့ ဆရာအကြံပေးခဲ့ဘူးပါသလဲ..။
 

Members (6)

Kaung Htet Hein kohtay botataung Myo Thein Alvin Lai Wah Wah Tun
 
 
 

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker