U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

မျိုးသိန်းရဲ့ Blind Study discussion ကိုဖတ်ရင်းကနေ မတူညီတဲ့ learning တစ်ခုရှိသေးတာကို တွေ့လာရပါတယ်။ သိချင်တတ်ချင်စိတ်ကြောင့် လေ့လာတာရှိသလို လိုအပ်လို့လဲ ကျွန်တော်တို့တွေ လေ့လာရပါမယ်။အထူးသဖြင့် ခုခေတ်လို ယှဉ်ပြိုင်မှုပြင်းထန်တဲ့နည်းပညာခေတ်ကြီးမှာ ကျွန်တော်တို့တစ်တွေဟာ ပိုပြီးတော့ specialize လုပ်ပေးဖို့လိုအပ်လာပါတယ်။ ဒိအတွက် blind study ဟာမလုံလောက်တော့ပါ။ ကားမောင်း၊စက်ဘီးစီး၊ရေကူး၊ဘာသာစကား၊ကွန်ပြူတာ အစရှိတဲ့ အရာတွေအတွက် reason မလိုပါဘူး။ဒါတွေက ဘယ်တော့မဆိုတတ်ထားသင့်တဲ့အရာတွေပါ။ဒါပေမယ့် အသက် မွေးဝမ်းကြောင်းပညာရပ် တွေကိုလေ့လာရာမှာတော့ result ကိုမစဉ်းစားလို့မရပါဘူး။ဘယ်လမ်းကိုလျှောက်ရင် ဘယ်ခရီးကိုရောက်မယ် ဆိုတာကြိုတင်မှန်းဆတွက်ချက်ထားရပါမယ်။ဝါသနာပါလို့ဆိုပြီး အရမ်းကာ ရောသွေးတိုးစမ်း နေလို့မဖြစ်ပါဘူး။ လေ့လာမှုပြီးမြောက်တဲ့အခါပြန်ပြီးအသုံးချခံနိုင်စွမ်းရှိရပါမယ်။ခိုင်မာတဲ့ ဈေးတန်းဝင်တဲ့ ပညာဖြစ်ရပါမယ်။ ကွက်ပျောက်ပြီး လိုင်းကြောင်နေတဲ့အရာကိုသွားလုပ်မိရင် အချိန်ကုန်ပြီးကိုယ်ကသူများ နောက်ရောက်သွား ပါလိမ့် မယ်။ဒီခေတ်ကြီးက အစစအရာရာဈေးကြီးပါဘိသနဲ့။ဟိုတစ်လောကများ certificate လေးတစ်ခုရဖို့ သင်တန်း တစ်ခုစုံစမ်းကြည့်မိတာ ဒေါ်လာ ၃၀၀၀လောက် ကုန်မှာမို့ ၀ါသနာဘေးချိတ်၊ ကိုယ်အသုံး ချပြီးငွေပြန်ရှာလို့ ရနိုင်မှာ နဲ့တွက်ကြည့်တော့ မစားသာတာကြောင့်အသာငြမ်နေလိုက်ရပါတယ်။ကျွန်တော်တို့ result မကြည့်ပဲ အင်္ဂလိပ်စာ လေ့လာခဲ့ပုံနဲ့တော့ ယှဉ်ကြည့်၍ မရပါ။ဒါကအသက်မွေးဝမ်းကြောင်းပညာရပ် မဟုတ်တဲ့ ထောက်ကူမှု ပညာရပ် ဖြစ်ပါတယ်။ဘာလေးလေ့လာချင်ချင်၊ဘယ်အလုပ်လေး လုပ်ချင်ချင် အင်္ဂလိပ်စာမတတ်လို့မရတော့ သင်ထားလို့မမှားတဲ့အရာဖြစ်ပါတယ်။ဘ၀ရပ်တည်မှုအတွက် သူ့ချည်းပဲတော့မပြီးပါဘူး။နောက်က လိုက်ရပါ သေးတယ်။အဲဒီအရာအတွက်တော့ မိမိကျင်လည်ကျက်စားမယ့် လိုင်းကြောင်းပေါ်မှာ ဘယ်ပညာအသုံးဝင်နိုင်မလဲ ရှေ့နောက်ချင့်ချိန် သုံးသပ်ပြီး ရွေးချယ်၊ ပြီးရင်professional တစ်ယောက်ဖြစ်နိုင်ဖို့ specialized study မဖြစ်မနေ လုပ်ရပါလိမ့်မယ်....။

Share

Reply to This

Replies to This Discussion

အင်း ကိုကောင်းပြောတာ သွေးထွက်အောင် မှန်ပါတယ် ...ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေ အမျိုးမျိုးကြောင့် specialization လမ်းကြောင်းပြောင်းသွားတာမျိုးရှိတယ်လေနော..အဲဒီလိုဆိုရင် ဘယ်လို specialized study လမ်းကြောင်း ကို ဆက်လျှောက်ရမလဲ...

Reply to This

ကျွန်တော်ပြောချင်တာက ကိုယ့်ဘက်ကအကောင်းဆုံးပြင်ဆင်နေတဲ့အချိန်မှာ ရွေးချယ်မှုမေ၀၀ါးစေဖို့ရည်ရွယ်တာပါ..။အစကောင်းမှ အနှောင်း သေချာမှာမို့ပါ။အခြေအနေ အမျိုးမျိုးကြောင့်လမ်းကြောင်းပြောင်းသွားရင်တော့ ရောက်တဲ့နေရာမှာတွေတဲ့တက်နဲ့လှော်ကြတာပေါ့..။ဒါကတော့
အခြေအနေတစ်ခုကို ရေရေရာရာသိမှပြောလို့ရပါလိမ့်မယ်။

Reply to This

thanks!!

Reply to This

RSS

About

kohtay kohtay created this social network on Ning.

Create your own social network!

© 2009   Created by kohtay on Ning.   Create Your Own Social Network

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker