အသုံးများသော gmail အတွက်သိထားတာလေးတွေမျှပေးလိုက်ပါတယ်။ အရင်ဆုံးတော့ register ကနေဘဲ စပြောပါမယ်။ အကောင့်ဘယ်လိုယူမလဲပေါ့ အခုလောလောဆယ်တော့ အကောင့်ယူတာက တိုက်ရိုက်ယူလို့မရပါဘူး ကျော်ခွရတာပေါ့။ အကောင့်အသစ်ယူတာထက် register လုပ်တဲ့အခါမှဖြည့် ရတာလေးတွေကို ပြောပြပေးချင်တာပါ။ ပထမဆုံးကတော့ ထုံးစံအတိုင်း first name နဲ့ last name ဖြည့်ပေးပေါ့၊ နောက်တော့ ကိုယ်လိုချင်တဲ့ နံမည် (user name or desire log in name) ရွေးပေးရပါမယ်။ user name က အနည်းဆုံး စာလုံးအရေအတွက် ခြောက်လုံးဖြစ်ရပါမယ်။ နောက်တစ်ခုကတော့ password ပေါ့၊ ပတ်စဝေါ့ကတော့ ရှစ်လုံးဆိုရပါတယ်။ ကျွန်တော်သိထားသလောက်ပတ်စဝေါ့ အကြောင်းလေးပြောပြချင်ပါသေးတယ်။ ပတ်စဝေါ့ယူတဲ့အခါ ကိုယ်နဲ့နီးစပ်တဲ့ အချက်အလက်များပေးချင်းကိုရှောင်သင့်ပါတယ်။ ဥပမာ- မွေးနေ့၊ မှတ်ပုံတင်နံပါတ် စသည်ဖြင့်ဖြစ်ပါသည်။ ပတ်စဝေါ့ပေးသောအခါတွင် စာသားများအပြင်၊ ဂဏန်းများ၊ စပယ်ရှယ်ကာရိုက်တာ( !, @, #, $) များကိုပါထည့်ပေးပါက ပိုပြီးကောင်းပါသည်။ register ယူသည့်အခါ ပတ်စဝေါ့ကိုနှစ်ခါပြန်ရိုက်ထည့်ပေးရပါသည်။ ပထမရိုက်ထည့်သည်မှာ ပတ်စဝေါ့အားရွေးချယ်ခြင်းဖြစ်ပြီး၊ ဒုတိယ၇ိုက်ထည့်သည်မှာ ထိုပတ်စဝေါ့အားသုံးမည်ဟု အတည်ပြုပေးခြင်းဖြစ်ပါသည်။ နောက်တစ်ခုမှာ security question ဖြစ်ပါသည်။ ထိုမေးခွန်းအား အသင့်ပေးထားသော မေးခွန်းများရွေးချယ်နိုင်သလို မိမိကိုယ်ပိုင်မေးခွန်းလဲ ရွေးနိုင်ပါသည်။ ပြီးနောက် အဖြေအားလည်း ကိုယ်တိုင်ဖြေပေးရပါမည်။ security question မေးခြင်း၏ရည်ရွယ်ချက်မှာ ပတ်စဝေါ့မေ့သွားသောအခါတွင် ပြန်လည်အသုံးချနိုင်ရန်အတွက်ဖြစ်သည်။ မေ့သွားသော ပတ်စဝေါ့အား security question ဖြေပေးချင်းဖြင့် ပတ်စဝေါ့အားပြန်လည်ပြင်ဆင်နိုင်ပါသည်။ security question မေး၊ ဖြေသော အခါတွင်လည်း မိမိနှင့်နီးစပ်သောအကြောင်းအရာ၊ တစ်ခြားသူမှ အလွယ်ဝင်ဖြေနိုင်သောအကြောင်းအရာတို့ကို ရှောင်ကျဉ်သင့်ပါသည်။ ထို့ကြောင့် password ရော security question ရော အရေးကြီးသည်ဟုပြောချင်သည်။ ဖြည့်ပေးရသည့် နောက်တစ်ခုမှာ secondary email ဖြစ်ပါသည်။ အီးမေးလ်လိပ်စာတောင်းသောအခါတွင် အပြည့်အစုံရေးပေးရပါမည်။ တစ်ချို့အသုံးပြုသူများမှာ maungba@gmail.com ဟုဖြည့်ပေးရမည့်အစား maungba ဟုသာဖြည့်တတ်ကြပါသည်။ secondary email ဖြည့်သည့်အခါတွင်လည်း မိမိတွင်အခြားအကောင့်တစ်ခုရှိပါက ထိုလိပ်စာအားဖြည့်ပေးရသင့်ပါသည်။ မရှိပါက မိမိနှင့်ရင်းနှီးသော သူငယ်ချင်း၏အကောင့်ကိုဖြည့်ပေးသင့်ပါသည်။ အကြောင်းမှာ မိမိယူလိုက်သော အကောင့်အသစ်အတွက် ပတ်စဝေါ့သော်၎င်းပြင်ဆင်မှု့တစ်ခုခုပြုလုပ်ပါက ထိုပြင်ဆင်မှု့အတွက်စာမျက်နှာအား secondary email ထဲသို့ပို့ပေးသောကြောင့်ဖြစ်ပါသည်။ တစ်ခြားဝက်ဆိုက်များတွင် register ယူသောအခါတွင်လည်း အီးမေးလ်လိပ်စာများတောင်းကြပါသည်။ ထုံးစံအတိုင်းအပြည့်အစုံဖြည့်ပေးရပါမည်။ ပြီးနောက် Location ကိုမေးပါသည်။ မိမိနိုင်ငံအားရွေးချယ်ပေးရပါမည်။ ထို့နော် word verification ကိုဖြည့်ခိုင်းပါလိမ့်မည်။ စာလုံးအစောင်းအတွန့်များဖြစ်ပါသည်။ ယခုဖောင်ဖြည့်ခြင်းကို လူကိုယ်တိုင် ဖြည့်နေခြင်းလား၊ computer program တစ်ခုမှဖြည့်ခြင်းလားခွဲခြားပေးထားဖြစ်ပါသည်။ computer program သည်စာလုံးအစောင်းအတွန့်များကိုမဖတ်နိုင်ပါ။ နောက်ဆုံးတစ်ခုမှာ terms of service ဖြစ်ပါသည်။ မိမိ register ယူသည့်ဝက်ဆိုက်မှ သတ်မှတ်ချက်များအား သဘောတူပါသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ တစ်ချို့ဝက်ဆိုက်များတွင် check box ပါတတ်ပါသည်။ ထို check box တွင်အမှန်ခြစ် ခြစ်ပြီးမှ create my account ကိုနှိပ်ရပါမည်။ ၀က်ဆိုက်များတွင် register ဖောင်များမှာတစ်ခုနှင့်တစ်ခု တူမည်မဟုတ်သော်လည်း အခြေခံသဘောတရားများမှာ အားလုံးအတူတူပင်ဖြစ်ပါသည်။ ပြောပြပေးချင်သည့်နောက်တစ်ခုမှာ အင်တာနက်ဆိုင်များတွင် သုံးသည့်အခါ user name နှင့် password ရိုက်ထည့်ပြီးပါက remember me (သို့) ယခု gmail တွင် stay sign in check box များကိုဖြုတ်ပေးရပါမည်။ မဖြုတ်ခဲ့ပါက မိမိ၏ user name နှင့် password အား မှတ်ထားပေးမည်ကိုသိထားပြီးဖြစ်မည်ထင်ပါသည်။ ကျွန်တော်ဆိုင်တွင်လာသော တစ်ချို့လူများခံရဘူးပါသည်။ remember me အားမဖြုတ်ဘဲ ၀င်ခဲ့ပါသည်။ နောက်လူမှလာသောအခါတွင် မိမိအကောင့်ထဲသို့အလွယ်တစ်ကူဝင်ရောက်သွားနိုင်ပါသည်။ နောက်ဆက်တွဲကတော့.....နောက်ဆက်တွဲပါဘဲခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လုပ်ဘူးသည့် တစ်မျိုးကိုလဲ ပြောပြပေးပါအုံးမည်။ သူငယ်ချင်းအရင်းတစ်ယောက်ဖြစ်ပါသည် သူဆိုင်မှာလာသုံးပါသည်။ သူ gmail ၀င်သောအခါတွင် browser မှမေးလာသော remember ကို ကျွန်တော်ကလစ်တစ်ချက်ပေးလိုက်ပါသည်။ သူပြန်သွားသောအခါတွင် ကျွန်တော်သူ့အကောင့်ထဲသို့ အလွယ်တကူဝင်ရောက်နိုင်ခဲ့ပါသည်။ သူ့အကောင့်ထဲမှသူများနှင့်ပြော ရန်မဟုတ်ပါ။ သူ့အကောင့်အားထိန်းထားနိုင်ရန်အတွက်ဖြစ်ပါသည်။ mail account setting ထဲသို့ဝင်ပြီး သူ့၏ security question နှင့် secondary email အား စိတ်ကြိုက်ဝင်ပြင်လိုက်ပါသည်။ သူ့ password ကိုမသိသော်ငြားလည်း သူအကောင့်ထဲသို့လုံးဝမ၀င်နိုင်တော့အောင် ကျွန်တော်လုပ်နိုင်ပြီဖြစ်ပါသည်။ ဒါက hack တာမဟုတ်ဘူးနော် နည်းနည်းစိတ်ပုတ်လိုက်တာ....ဟဲဟဲ။ ကျွန်တော်လုပ်လိုက်သည်မှာ သူငယ်ချင်းအချင်းချင်း စနောက်ရုံလောက်သာဖြစ်ပါသည်။ တစ်ကယ်လို့များ ကိုယ့်အကောင့်ကို ကိုယ်မသိတဲ့သူတစ်ယောက်က ယခုလိုဝင်ပြင်လိုက်မယ်ဆို စိတ်ညစ်စရာကောင်းမည်ဟုထင်ပါသည်။ မိမိအကောင့်ထဲတွင် အရေးကြီးသော ဒေတာ အချက်အလက်များမရှိပါက အကြောင်းမဟုတ်သော်လည်း၊ ရှိခဲ့ပါက...................။ ယခုအခါတွင် အကောင့်များကို hack လုပ်သည်များဖြစ်နေပါသည်။ မိမိအတွက်အရေးကြီးသော ဒေတာများကို အကောင့်တစ်ခုထဲတွင် စုပြုံသိမ်းချင်းကိုရှောင်ကျဉ်သင့်သည်ဟုလဲ ထင်ပါသည်။ ဖြစ်နိုင်လျှင် yahoo ကဲ့သို့သော ကွဲပြားခြားနားမှု့ရှိသော email account များရှိထားပါကပိုကောင်းပါသည်။ ထို့ကြောင့် အသုံးပြုသည့်အခါ အဆင်ပြေစေရန်အတွက် သိထားသမျှကိုမျှပေးလိုက်ပါသည်။ ယခုပို့(စ်) နဲ့အတူ ပြောချင်သေးသည်မှာ ဆရာ့ကျောင်းဆိုက်ထဲတွင်လည်း နည်းပညာသမားများရှိသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အားလုံးသောဆရာ့တပည့် နည်းပညာသမားများကလည်း ၀ိုင်းဝန်းဝေငှပေးမည်ဟုလည်း ယုံကြည်မိပါသည်။ ကျွန်တော်သိထားသမျှကို ဆက်လက်မျှပေးပါအုံးမည်။
>>> ပညာဟာလွတ်လပ်မှု့ကို ကြိုက်ပါတယ်။ လောင်းရိပ်အောက်ကပညာဟာ တဖြည်းဖြည်းကြုံလှီ သေဆုံးသွားတတ်ပါတယ်။ ပညာကို အညွန့်တလူလူနဲ့ ဝေဆာပွင့်လန်းစေချင်ရင်တော့ ပညာရဲ့အထက်မှာ ဘာမှမရှိစေရပါဘူး။
Tags:
Share
-
▶ Reply to This