U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

ဒီတစ်ခါတော့ ဂျီတောက်အကြောင်းနည်းနည်းပြောမယ်နော်။ လောလောဆယ်တော့ gtalk မှာ alway idle ဖြစ်နေအောင်ရယ်၊ party chat ရယ်ကိုပြောပြချင်ပါတယ်။ ဂျီတောက်မှာ အစိမ်းရောင်က(available)၊ အနီရောင်က(busy)၊ မသုံးတာ ဆယ့်ငါးမိနစ်ကြာရင် အလိုလို လိမ်မော်ရောင်(idle) ပြောင်းသွားတတ်ပါတယ်။ အလုပ်များတဲ့သူတွေအတွက် gAlwaysidle ကအဆင်ပြေမယ်ထင်ပါတယ်။ အမြဲတမ်းလိမ်မော်ရောင် ဖြစ်နေလို့ပါ၊ ကိုယ်စက်ရှေ့မှာမရှိဘူးပုံစံနဲ့ မူယာမာယာများလို့ရတာပေါ့နော်။ မေးလ်ထဲကနေ invisible လုပ်ထားရင်လဲ အဆင်ပြေတာဘဲလေ၊ ကိုယ်က အွန်လိုင်းလိုင်းမရှိတဲ့ပုံစံမျိုးနဲ့ အေးရာအေးကြောင်းနေလို့ရတာပေါ့နော်။ တစ်ခုဆိုးတာက မေးလ်ထဲကဆို လိုင်းကခဏခဏကျတတ်တယ်။ အဲ့တော့ လိမ်မော်ရောင်နဲ့ဘဲ မူယာမာယာများရတာပေါ့လေ။ သုံးဖို့ရာက ဆော့ဝဲကို run လိုက်ပါ၊ ပြီးရင် ဂျီတောက်ကိုဖွင့် မ၀င်ခင်မှာ system tray မှာပေါ်တဲ့ ဂျီတောက်အိုင်ကွန်ပေါ်မှာ right click နှိပ်ပြီး always idle ပေးလိုက်ရင်ရပါပြီ။ တန်းဒေါင်းနိုင်အောင်လည်း ထည့်ထားပေးပါတယ် နောက်တစ်ခုကတော့ party chat အကြောင်းပါ၊ ဂျီတောက်မှာ သူငယ်ချင်းဆယ့်တစ်ယောက်လောက် chat box တစ်ခုတည်းမှာဘဲ တစ်ပြိုင်တည်းပြောလို့ရပါတယ်။ ကိုယ်ပြောတာလဲသူတို့အားလုံးမြင်၊ သူတို့အားလုံးပြောတာလဲ ကိုယ်ကမြင်ပေါ့၊ သယ်ရင်းအရင်းခေါက်ခေါက်တွေနဲ့ဆို ပြောလို့ကောင်းမယ်ထင်ပါရဲ့။
သုံးရမယ့်ပုံစံက party chat မှာ လိပ်စာ ဆယ့်တစ်ခုရှိပါသည်။ partychat@gmail.com; partychat0@gmail.com; partychat1@gmail.com; partychat2@gmail.com; partychat3@gmail.com; partychat4@gmail.com; partychat5@gmail.com; partychat6@gmail.com; partychat7@gmail.com; partychat8@gmail.com; partychat9@gmail.com များဖြစ်ပါသည်။ ဥပမာအနေဖြင့် သူငယ်ချင်းသုံးယောက်ပြောသည့်ပုံစံကို ရှင်းပြပေးပါမည်။ သူငယ်ချင်း အေ၊ ဘီ၊ စီ ရှိသည်ဆိုပါစို့။ သုံးယောက်ကို ချက်ဘောက်တစ်ခုတည်းမှာဘဲ သုံးယောက်လုံးပြိုင်ပြောနိုင်ရန် ပါတီချက် လိပ်စာတစ်ခုစီကို invite လုပ်ရပါမယ်။ အေ ကပါတီချက်နှစ်ကိုလုပ်တယ်ဆို၊ ဘီက သုံး၊ စီကလေးကို စသည်ဖြင့်ပေါ့။ invite လုပ်ပြီးလျှင် ပါတီချက်များ အလိုလိုအွန်လိုင်းတွင်တက်လာပါလိမ့်မည်။ သုံးယောက်တွင်တစ်ယောက်မှ ချက်ခန်းတစ်ခုကိုနံမည်ပေးပြီး စဖွင့်ပေးရပါမည်။
သုံးရမည့် command မှာ /make name password(မိမိပေး ချင်သောနံမည်တစ်ခု) ဖြစ်ပါသည်။ နောက်တွင် password ပေးထားလျှင်လဲရပါတယ်။ ကျန်သောနှစ်ယောက်မှာ ပထမသူငယ်ချင်း ပေးထားသော ချက်ခန်းသို့ ၀င်ရပါမည်။ ၀င်ရမည့် command မှာ /join name(ပထမသူငယ်ချင်းပေးထားသောနံမည်) ဖြစ်ပါသည်။ password ရှိလျှင်ထည့်ပေးရပါမည်။ ချက်ခန်းထဲမှ ပြန်ထွက်လိုလျှင် /exit ဖြစ်ပါသည်။ တစ်ခြားကျန်သော command များလည်းရှိပါသေးသည်။ /help ဟိုရိုက်လိုက်ပါ ကျလာပါလိမ့်မည်။ commands များကိုကြည့်နိုင်ရန်အတွက် /commands ဟုရိုက်ထည့်ပါ။ အထက်တွင်ပြောခဲ့သော အဆင့်များအားလုံးသည်။ သက်ဆိုင်ရာတစ်ဦးချင်းစီ၏ partychat chat box ထဲတွင်သာလုပ်ဆောင်ရန်ဖြစ်ပါသည်။ အဆင်ပြေမည်ဟုထင်ပါသည်။
ပြောနေရင်းသတိရသွားတာလေး တစ်ခုထပ်ပြောပါအုံးမည် သိပြီးသားဆိုလဲ ထပ်သိသွားတာပေါ့။ ဂျီတောက်ကိုအများကြီးဖွင့်လို့ရအောင်ပါ လုပ်ရမှာကတော့ ဂျီတောက်ကို right click နှိပ် propeties ခေါ် Target နေရာမှာ စာသားတွေတွေ့ပါလိမ့်မည် နောက်ဆုံးမှာ /nomutex ဟုပြောင်းလိုက်လျှင် ဂျီတောက်တစ်ခုထက်ပိုဖွင့်လို့ရပါပြီ။

Nokia ဖုန်းတွေအတွက် universal codes ရယ် secrets ebook လေးပါတင်လိုက်ပါတယ်။

>>> ပညာဟာလွတ်လပ်မှု့ကို ကြိုက်ပါတယ်။ လောင်းရိပ်အောက်ကပညာဟာ တဖြည်းဖြည်းကြုံလှီ သေဆုံးသွားတတ်ပါတယ်။ ပညာကို အညွန့်တလူလူနဲ့ ဝေဆာပွင့်လန်းစေချင်ရင်တော့ ပညာရဲ့အထက်မှာ ဘာမှမရှိစေရပါဘူး။

Share

Attachments:

Reply to This

Replies to This Discussion

ဟုတ်ကဲ့ခင်ဗျ.......အခုလိုရှင်းပြတဲ့အတွက်..ကျေးဇူးအရမ်းကိုတင်ပါတယ်......
အကိုပြောမှ..ချက်ဝန်းတစ်ခုလုပ်ဖို့ သတိရတယ်...ဟိဟိ
umkstudentscommunitychatroom@gmail.com ပါခင်ဗျာ.....အင်ဗိုက်လုပ်လို့ ရပါပြီ.........
ဆရာကြီးကျောင်းသားတွေအတွက်....ကျွန်တော်..ငပွကြီးမှ....စတင်တည်ထောင်လိုက်ပါပြီ.....တစ်စုတစ်စည်းတည်းပြောလို့ ရပါပြီ.....
@umkstudentscommunity.com ဒိုမိန်းနဲ့ အီးမေးလ်လိုချင်ရင်.....taryarphwagyi@gmail.com သို့ လိပ်စာတပ်မူပြီးတောင်ဆိုနိုင်ပါကြောင်း
အထူးသတင်းကောင်းပါးလိုက်ပါသည်........၂၄နာရီ ချက်ဝန်းrun နိုင်အောင်ကြိုးစားနေပါကြောင်း........

Reply to This

ကေကေ မန်း..............ဂွတ်ထ၊ တာရာပွကြီးဆိုတာ မင်းကို၊ မင်းကအတော်နောက်တာဘဲ၊ မင်းပြောလိုက်ရင် ပြီးနေတာကို၊ ငါ့အကောင့်ထဲမှာရှိတယ်မဟုတ်လား။ အတော်ခေါင်းစားတဲ့ကောင်။

Reply to This

ကတုံး...မင်းပြောချင်တာပြောလေ...ငါ့နံမည်တော့ မတပ်နဲ့လေ...

Reply to This

အေးလေကွာ..မင်းနာမည်ကြီးတပ်ပြီး..ဘာလုပ်တာတုန်း.မင်းကလည်း တခြမ်းစောင်းပြီး မော.မော.ကြီးနဲ. ကော.ကော.ကြီးရပ်နေတော. ခံရတာပေါ.။

Reply to This

ဟေ.ရောင် မင်းပြောတဲ..ဂျီတောက် ဆိုတာ တခါမှမကြားဖူးဘူး။ ဓညင်းသီးစားလို. တောက်တာ၊ ပီလောပီနံစားလို.တောက်တာ တွေပဲ ကြားဖူးတယ်။ ဂျီ တောက် တယ်ဆိုတာမသိဘူးဟ ကောင်ရ..လုပ်ပါဦး။

Reply to This

RSS

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker