Bluetooth နည်းပညာဟာ လက်ကိုင်ဖုန်းတွေမှာ developed လုပ်လိုက်တဲ့အတွက် ပိုပြီးတော့ ရေပန်းစားလူသိများလာတယ်ဆိုတာ သိကြပြီးသားပါ။ Bluetooth ဆိုတဲ့ Personal Area Network(PANs) ကို Short Rang အကွာအဝေးနဲ့ Wireless အဖြစ်ကြိုးမဲ့ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါတယ်။ Bluetooth ကိုစတင်တီထွင်တဲ့နိုင်ငံကတော့ ဆွီဒင်နိုင်ငံရဲ့ Swedish Telecom ကဖြစ်ပါတယ်။ သူတိုနိုင်ငံက King Harold Bluetooth ကို လေးစားသောအားဖြင့် ဘုရင်ရဲ့နောက်ဆုံးနာမည်ကိုယူပြီး ဒီနည်းပညာကို Bluetooth လို့ ဂုဏ်ပြုပြီးပေးထားတာပါ။ အဲဒီဘုရင်ကြီးဟာ နိုင်ငံချင်း၊လူမျိုးချင်းမတူညီးတဲ့ ဆွီဒင်နိုင်ငံ၊ နော်ဝေးနိုင်ငံ နှင့် ဒိန်းမိတ်နိုင်ငံတိုကို စစ်ပွဲနဲ့သိမ်းယူ ပေါင်းစည်းပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုဘဲ Bluetooth Technology ဟာလဲ မတူညီတဲ့ Personal Electronic Devices တွေကိုပေါင်းကူးပေးနိုင်ပါတယ်။ တစ်ကိုယ်ရေအသုံးပြုတဲ့ Laptops တွေ၊ Handphones တွေ၊ Digital Cameras တွေ၊ Printers တွေ၊ Audio Equipements တွေ နဲ့ နောက်ဆုံးပေါ် ကားတွေမှာတောင် ကြိုးမလို့ပဲ ဆက်သွယ်အသုံးပြုလို့ရနေပြီးဆိုတာ အားလုံးသိကြပြီးသားတွေပါ။ နောက်ပြီး USB Bluetooth Devices တွေတောင်အများအပြားတွေကြမှာပါ။ ဒီနည်းပညာလေးကိုရရှိသူကို ကျေးဇူးတင်မိပါတယ်။ Bluetooth ဆိုတဲ့Personal Area Network (PANs)ဟာ 2.45 GHs ရှိ့တဲ့ Radio Frequency အမျိုးအစားကိုအသုံးပြုထားတာပါ။သူဟာ WiFi Network တွေ၊ Cordless Phone တွေနဲ့ Microwave Oven တွေမှာ အသုံးပြုတဲ့ Frequency အမျိုးအစားနဲ့အတူတူဖြစ်ပါတယ်။ Bluetooth ကိုအသုံးပြုနိုင်တဲ့ အကွာအဝေးကတော့ ၁၀ မီတာ(၂၃ ပေ) ဖြစ်ပြီး Data Rate ကတော့ 300 Kbps ပါ။ 2.45 GHs ရှိတဲ့ Radio Frequency တွေဟာ နံရံကိုဖောက်ထွက်ပြီး ဆက်သွယ်နိုင်ပါတယ်။ Bluetooth Technology ကိုသုံးခြင်းဖြင့် မိမိစာပွဲခုန်ပေါ်မှာ ကြိုးတွေနဲ့ ရှုပ်ထွေးနေမှာ မပူရတော့ဘူးပေါ့ဗျာ.......