U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

Replies to This Discussion

အားပေးရတာပေါ့ ၀က်မလေးရယ်။ သင်ယူလေ့လာမှု့အကြောင်းဆိုတော့ ဘာသာရပ်အားလုံးနဲ့ ဆိုင်မယ်ထင်ပါတယ်။ ကျွန်တော်ဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးကို ပြောပြပါမယ်။ ၂၀၀၀ ခုနှစ်မှာဆယ်တန်းအောင်တယ် တချိန်တည်းမှာဘဲ အိုင်တီဆိုပြီး အော်လိုက်ကြတာ သောသောကိုညံလို့ ကိုယ်ကလဲ ဘယ်ရမလဲနော် လိုက်တီတာပေါ့(၀ါသနာလဲဝါလို့ပါ)။ အဲ့တုန်းက များသောအားဖြင့်သင်တန်းတိုင်းမှာက programming language ကိုဘဲသင်ကြတာလေ၊ အဲ့တော့ အိုင်တီဆိုရင် ပရိုဂရမ်မာလိုကိုဖြစ်နေတာ။ တစ်ခြား network တို့ဘာတို့ဆိုတာက မပြောသလောက်ကိုရှားနေကြသေးတယ်။ ကိုယ်ကလဲ မသိတာပါမှာပေါ့နော်။ ဒါနဲ့ဘဲ သင်တန်းတွေတက် အိုင်တီလိုက်တာ အလုပ်ကျတော့ Tour လုပ်ငန်းတစ်ခုမှာ computer operator ရခဲ့တယ်လေ။ programming language ကိုလဲ သေချာဆက်မလုပ်ဖြစ်ဘူး။ စိတ်လဲသိပ်မပါတော့ဘူး MCC မှာ level -2 တုန်းက networking ကို အနည်းအကျဉ်းသင်လိုက်ရတယ်၊ အဲ့ထဲက နက်ဝေါ့ကိုထပ်လုပ်ချင်တယ် ဒါပေမယ့် ဘယ်မှာဘယ်လို ဆက်လုပ်ရမလဲ လဲ မသိဘူး။ နောက်အလုပ်ထဲရောက်သွားတော့ လိုင်းကပျောက်သလိုဖြစ်သွားတာလဲ ပါတာပေါ့နော်။ နောက်တော့ သူငယ်ချင်းတွေနဲ့ စာစီစာရိုက်လုပ်ဖြစ်တယ်။ နောက်သင်တန်းဖွင့်မယ်ဆိုပြီး လုပ်ကြတော့ programming language ကို နည်းနည်းပြန်လုပ်ဖြစ်တယ်။ ဒါပေမယ့် စိတ်ကတော့သိပ်မပါဘူးဖြစ်နေတယ် e-book ဖတ်ပြီး၊ ကိုသီဟ(unison)ကလဲ ရှင်းပြပေးတယ်။ ဒါပေမယ့်လဲ လိုရင်းကိုမရောက်နိုင်ဘူးဖြစ်နေတယ်။ လွဲနေခဲ့တာတွေကို ပြောပါတယ်။ နောက်တော့ အဖွဲ့က ထွက်လိုက်တယ်။ အဲ့မှာစတာဘဲ ဘာဆက်လုပ်မလဲပေါ့ နက်ဝေါ့ဘက်ကို အားသန်နေတယ်။ အဲ့ဒီတော့ လိုက်စုံးစမ်းရတော့တာပေါ့။ ကွန်ပြူတာစတက်ဖြစ်တာက ၂၀၀၁ မှာ အဖွဲ့ကထွက်လိုက်တဲ့အချိန်မှာ ၂၀၀၄-၀၅ လောက်ဖြစ်နေပြီထင်တယ်။ လုပ်နေတာ လုပ်ခဲ့တာတော့ ကွန်ပြူတာဘဲ ဒါပေမယ့် ကိုယ်သွားချင်တဲ့နေရာ၊ လုပ်ချင်တာကို မဖြစ်လာသေးဘူးလေ။ အဖွဲ့ထဲက ထွက်လိုက်ပြီးနောက်ပိုင်း ကယောင်ဖတ်နေတာပေါ့။ နောက်တော့ သင်တန်းလဲ လိုက်စုံစမ်းရင်း computech ကိုတွေ့တယ်။ ဒါနဲ့ဘဲ အဲ့ဒီမှာ A+ နဲ့ networking ကိုတက်ဖြစ်တယ်။ computech မှာ A+ မတက်ခင် KMD မှာ A+ short course လေးတက်လိုက်သေးတယ်။ computech မှာတက်တော့ ၂၀၀၇ ထင်တယ် သင်တန်းနှစ်ခုပေါင်း တစ်ပြိုင်းတည်းတက်တာကို တစ်နှစ်ကျော်လောက်တက်လိုက်ရတယ်။ အဲ့ဒီတော့ ဘာကိုပြောချင်တာလဲ ရွေးချယ်မှု့အကြောင်းကိုပါ။ ဆယ်တန်းအောင်ပြီ ဘာဆက်လုပ်မလဲ၊ ကိုယ့်ရဲ့ရွေးချယ်မှု့ကို ကိုယ်ကိုယ်တိုင် သိသင့်ပါတယ်။ အခုအချိန်မှာဆို သင်တန်းတွေအများကြီးပါ လုပ်လို့ရတဲ့ လမ်းကြောင်းတွေလဲ အများကြီးပေါ်လာပါပြီ။ ပြောထားတဲ့ခေါင်းစဉ်လေးလိုဘဲ သင်ယူလေ့လာမှု့ ဆိုတော့ ပညာရပ်တစ်ခုကို ဘယ်ကနေဘယ်လိုစတင်လေ့လာမလဲ ဘာတွေကိုကြိုပြင်ထားသင့်လဲ ဆိုတာလဲသိသင့်ပါတယ်။ ကျွန်တော်သိသလောက်တော့ တက်ကြပါတယ် သင်တန်းတွေ ဒါပေမယ့် လိုရင်းမရောက်ကြဘူးဖြစ်နေတယ်၊ ကျွန်တော်ဖြစ်ခဲ့သလိုပေါ့။ တစ်ကယ်လုပ်ပြီး လမ်းကြောင်းပေါ်ရောက်နေတဲ့လူတွေလဲ ရှိပါတယ်။ ပညာရပ်တစ်ခုကို လေ့လာသင်ယူတယ်ဆိုတာ ရေရှည်ရင်းနှီးမြှပ်နှံမှု့လို့ ဆရာတင့်ပြောဘူးပါတယ်။ ပြီးတော့ အချိန်လဲအကြာကြီးယူရတယ်ဆိုတာလဲ သိကြမှာပါ။ ကွန်ပြူတာအနေနဲ့ကိုဘဲ ခွဲခြမ်းပြပါမယ် ဆော့ဝဲလား၊ ဟာဒ့်ဝဲလား၊ ဂရပ်ဖစ်လား ဘယ်လိုင်းကို ကိုယ်က၀ါသနာပါတာလဲ သိသင့်ပါတယ်။ ခရီးတစ်ခုသွားသလိုမျိုးပါဘဲ ခရီးမထွက်ခင် ကြိုတင်ပြင်ဆင်မှု့လေးတွေလုပ်ရပါတယ်။ ထို့နည်းတူစွာ ကိုယ်သင်ယူတတ်မြောက်ချင်သော ဘာသာရပ်တစ်ခုကို တည့်တည့်မတ်မတ်သွားနိုင်ဖို့ရာကလဲ ကြိုတင်ပြင်ဆင်မှု့တွေရှိသင့်ပါတယ်။ ပြင်ပ ဗဟုသုတလဲ ရှိသင့်သလောက်ရှိထားရပါမည်။ ဥပမာအားဖြင့် ဂရပ်ဖစ်ကိုလေ့လာချင်သူ၊ ဂရပ်ဖစ်ဒီဇိုင်နာဖြစ်ချင်သူတစ်ယောက်အနေဖြင့် ပန်းချီလုံးဝမတတ်ရင်တောင် ခဲခြစ်တော့ အရင်တတ်ထား သင့်သည်ဟုထင်ပါသည်။ ပြီးမှ application ပိုင်းကို ဆက်သွားလျှင် ပိုကောင်းသည်ဟုထင်ပါသည်။ ဥပမာအနေဖြင့် အကြမ်းဖြင်းပြောပြချင်းဖြစ်ပါသည်။ ဆက်လက်ဆွေးနွေးပါအုံးမည်။



ဒီနေ့မသေရင် မနက်ဖြန်သေနိုင်တယ်၊ မသေခင် ကောင်းတာလေးတွေလုပ်ကြတာပေါ့။

Reply to This

Good discussion which gives me a flash of light to think and choose a way for my future after i have passed the 10 standard. Thank u, man.

Reply to This

ငကြောင်လေး ငါက လူငယ်တွေကိုဦးတည်တာနော်။

Reply to This

ဟေ့ မျိုးသိန်း...အဲ့ဒါ ဂတုံးက မင်းကို အိုသွားပြီ၊ ဟောင်းသွားပြီ၊ ဘူတားကြီး၊ သက်ကြားအိုကြီး၊ အိုမင်းရွတ်တွကြီး
ဖြစ်သွားပြီလို့ ပြောလိုက်တာပဲ။

Reply to This

ဘို၁၀၀၀...၊မင်းကအစားကိုကုန်အောင်စားတယ်၊စကားကိုဘယ်တော့မှကုန်အောင်မပြောဘူး...။ဂတုံးကမျိုးသိန်းကို"မင်းလိုအသက်က ဗလချိုက် ရောက်နေတဲ့သူကို လေကုန်မခံဘူး။အနွမ်းကြီး၊အဆွေးကြီး၊အဆုတ်ကြီး၊အရှုပ်ကြီး"လို့ပြောချင်တာကွ...။ဟားဟား..။

Reply to This

this is a kind of trick to join here .. :P
but i like ..

Reply to This

တစ်ရက်က ဆိုင်ကိုလူတစ်ယောက်လာတယ်။ လူငယ်ပါဘဲ သူကမလေးရှားမှာအလုပ်လုပ်ဘူးတယ်။ စလုံးမှာ ကျောင်းတက်ဖို့အစီအစဉ်ရှိတယ်ထင်ပါရဲ့။ တက်ချင်တာက ကွန်ပြူတာ....ကျွန်တော့်ကိုမေးပါတယ်။ ဘယ်လိုင်းကိုလိုက်ရင်ကောင်းမလဲပေါ့။ ပြောရရင်တော့ ကွန်ပြူတာ စကေးလ်က သူမှာမရှိဘူးဘဲ ပြောရမယ်။ ကျွန်တော်လဲကိုယ်နိုင်သလောက်ရှင်းပြပါတယ်။ အခြေခံကိုခိုင်ဖို့လိုတယ်၊ တစ်ဆင့်ချင်းတက်နိုင်ရင် ပိုကောင်းတယ်လို့ပြောပြတယ်။ တစ်ကယ်လည်း တစ်ဆင့်ချင်းတက်သင့်ပါတယ်။ သူကဘာပြောလဲဆိုတော့ သူစာဖတ်ထားသမျှ၊ ကြားဖူးသမျှ တစ်ချို့တွေကို သင်တန်းက ဆရာ၊ ဆရာမတွေကိုမေးတယ်။ တစ်ချို့ကမဖြေနိုင်ကြဘူးပေါ့လေ။ ဒါကိုသူကမကြိုက်ဘူး။ သူ့သဘောက တစ်ချို့ဟာတွေကိုကျော်လုပ်ချင်နေတယ်။ ကျွန်တော်ပြောပြပါတယ်။ တစ်ချို့ဟာတွေက သိစရာမလိုသေးဘူး သိရမယ့်အချိန်ရောက်ရင် သူ့ဟာသူသိလာပါလိမ့်မယ်လို့။ ကိုယ်တိုင်က ဆက်သွားနေဖို့ဘဲလိုပါတယ်လို့ ကျွန်တော်ပြောပါတယ်။ ကျွန်တော်ပြောတာကို သူက မျက်လှည့်ပြသလိုထင်လားမသိပါ။ လက်မခံချင်ပါဘူး။ ဒါနဲ့ကျွန်တော်လဲ စကားနည်းနည်းဆက်ပြောကြည့်တော့ ပညာရပ်တစ်ခုကို နှစ်နှင့်ချီအောင် သူမလေ့လာဘူးပါ၊ မလုပ်ခဲ့ဘူးပါ။ ဒါနဲ့ ကျွန်တော်လဲပြောပြပါတယ်။ လုပ်ကြည့်ပါ၊ လေ့လာကြည့်ပါ တစိုက်မတ်မတ်လေးပေါ့လို့။ ခက်တာက သူကဟိုဟာလေးလဲတတ်ချင်၊ ဒီဟာလေးလဲသိထားချင် ဆိုတော့ ရှင်းပြရပိုခက်ပါတယ်။ သိချင်တတ်ချင်တာကို ဘယ်သူမှပိတ်ပင်လို့မရပါဘူး။ ဒါပေမယ့် ဘာကိုမှသေချာမသိသေးဘူးအတွက်တော့ တစ်ခုကိုဘဲအောက်ခြေခိုင်အောင် အရင်လုပ်ထားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျန်တာတွေက သူ့ဟာသူ ဆက်စပ်လာပါလိမ့်မယ်။ ကျန်တဲ့ ကိုယ်သိချင်တဲ့ပညာရပ်တွေကိုတော့ ကိုယ့်အနေနဲ့ကတော့ မတတ်ထားရင်တောင်မှ သဘောတရားလေးတော့ သိထားရင်လောလောဆယ်တော့ လုံလောက်ပါတယ်။ တစ်ခုကိုအတိုင်းအတာတစ်ခုအထိအခြေခိုင်ပြီဆိုမှ ကျန်တာကိုဆက်လှမ်းရင် ပိုအဆင်ပြေနိုင်ပါတယ်လို့လဲ မြင်မိပါတယ်။ လူငယ်တွေမှာဖြစ်တတ်တာလေး တစ်ခုကိုသတိထားမိပါတယ်။ ဥပမာ- LCCI ကလူတက်တာများနေပြီ တစ်ခြားတစ်ခုခုလုပ်ပါလားဆိုပြီး တစ်ခြားလူများမှ အကြံပေးတတ်ကြပါတယ်။ ထိုအခါ ဇဝေဇ၀ါဖြစ်သွားတတ်ကြပါတယ်။ ဟိုဟာလုပ်ရကောင်းနိုး၊ ဒီဟာလုပ်ရကောင်းနိုးနဲ့ အချိန်ကုန်တတ်ပါတယ်။ ကျွန်တော်အမြင်ကိုပြောပြရရင်တော့ ဘယ်လိုင်းကိုရွေးချယ်မလဲအရင်စဉ်းစားသင့်ပါတယ်။ ပြီးရင်တော့ တစ်ဆင့်ချင်းတစိုက်မတ်မတ်နဲ့ ဆက်သွားမယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ လူအများစုရွေးချယ်သော လိုင်းဆိုသော်ငြားလဲ သူများနဲ့မတူအောင်လုပ်ရင် သူများနဲ့မတူနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လဲ အရင်ကသူများဆော့ဝဲတော့ ကိုယ်လဲဝဲလ်ဘူးပါတယ်။ နောက်မှ ကိုယ်တစ်ကယ် စိတ်ဝင်စားတာက နက်ဝေါ့ဆိုတာသိရပါတယ်။ ကွန်ပြူတာလိုင်းထဲတွင်ရှိနေသော်ငြားလည်း ကိုယ့်ရဲ့ဇဝေဇ၀ါကြောင့်၊ မပြတ်သားမှု့ကြောင့်ေ၀၀ှိက်ခဲ့ဘူးပါတယ်။ အချိန်ကုန်ခဲ့ဘူးပါတယ်။ ဒါကြောင့် နောက်တက်လူငယ်များကိုမဖြစ်စေချင်ပါ၊ အချိန်မကုန်စေချင်ပါ။ ဖူးသောပန်းတိုင်းပွင့်ပြီး ပွင့်သောပန်းတိုင်း သင်းထုံမွှေးကြိုင်နိုင်ကြပါစေဗျာ။ ဖူးတောင်ဖူးမလာတာကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံဘဲပေါ့။


>>> ဒီနေ့မသေရင် မနက်ဖြန်သေနိုင်တယ်၊ မသေခင် ကောင်းတာလေးတွေလုပ်ကြတာပေါ့။

Reply to This

Here, I would like to add a thought which I'm not actually confidant if right or wrong. Successful learning is that you just enjoy the momment you are doing it wihout caring its result, i.e you barely care whether you would be able to get a place to apply your language skill in your coming future. What I would like to highlight is " Mind ".
Now that I'm now learning AutoCad and trying to be a draftsman but I don't feel that I have this kind of mind. I think I need to cultivate it.

Reply to This

အေး ဟုတ်တယ်သားလေးရ....ဆရာပြောဘူးတယ်လေ စာသင်တယ်ဆိုတာ စိတ်ကိုသင်တာလို့.၊ နောက်တစ်ခုကတော့ ရူးသွပ်မှု့ပေါ့။ ကိုယ်လုပ်နေတဲ့ ပညာအပေါ်မှာရူးသွပ်မှု့လို့ပြောရမယ်။ လွယ်တော့မလွယ်ဘူးဟေ့၊ ဘယ်လောက်ဘဲရူးသွပ်နိုင်ပါအုံးတော့ အခုခေတ်ကြီးထဲမှာက ရူးသွပ်မှု့နောက်မှာ ပိုက်ပိုက်ကလိုလာပြီလေ။ ပိုက်ပိုက်မလိုက်နိုင်ရင်က တစ်ကယ်ကို ရူးသွပ်သွားနိုင်တယ်။ ငါ့အမြင်တစ်ခုလောက်ပြောကြည့်မယ်....ပိုက်ပိုက်အတွက် ပညာရှာတာလား၊ ဆိုလိုတာက တတ်တော့တတ်တယ်ကွာ၊ ပညာအတွက်အလုပ်လုပ်မှာမဟုတ် ပိုက်ပိုက်များများရအောင်ရချင်တာ။ နောက်တစ်ခုက ပညာအတွက်ကိုဘဲ ပညာရှာမှာလား။ ငါအဲ့လိုပြောတော့ ကြောင်ရာကျမယ်။ ဘာလို့လဲဆိုတော့ ပိုက်ပိုက်ကလိုတာကိုဟ။ ပညာအတွက်ကိုဘဲ ပညာရှာချင်သင်ချင်ပါရဲ့.......ဒါပေမယ့်...........................

>>>ပညာဟာလွတ်လပ်မှု့ကို ကြိုက်ပါတယ်။ လောင်းရိပ်အောက်ကပညာဟာ တဖြည်းဖြည်းကြုံလှီ သေဆုံးသွားတတ်ပါတယ်။ ပညာကို အညွန့်တလူလူနဲ့ ဝေဆာပွင့်လန်းစေချင်ရင်တော့ ပညာရဲ့အထက်မှာ ဘာမှမရှိစေရပါဘူး။

Reply to This

Ha ha... Yeah, I totally agree to your opinion, but I thnink when a man is crazy of something, nothing can stop him not excluding money. It makes me think the time I was sleeping with my best friend, Advanced Oxford Learners' Dictionary in my bed in accordance with our teacher's words.

Reply to This

အားလုံးရဲ့ ရင်ခုန်သံတွေနဲ့ အိပ်မက်တွေကို ဖြစ်လာစေချင်တာမှန်သောစကားပါကွာ။ ကိုယ်တိုင်လဲ အိပ်မက်ငတ်သူမို့ပါ။

Reply to This

yep ..as above discussions, most of the people are struggling in what is in the current to pursue the money that poccess great power ,on that time everyone keeps in their respective minds just that evil called money then forget about their hobbies, interests and the like especially in our mother land ..cause if we do what we like, that cannot survive for our lives...:P then ,our desires and real paths are totally different on the ways of our lives...
as i heard about the westen countries , for the youths up to finish their schools to proceed their educations there are organizations and banks to support them cause all the charges of education fees are very high as usual , after all theirs specializations they need owe to that organizations but at least we can apply what is in our true minds and that will more effective to our careers to all specific fields for our social lives... ... i think so..:)

Reply to This

RSS

About

kohtay kohtay created this social network on Ning.

Create your own social network!

© 2009   Created by kohtay on Ning.   Create Your Own Social Network

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker