U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

ရိုးသားမှု အဖေါ်မွန်ဆိုလို့လန့်မသွားပါနဲ့ဗျာ.. ငြင်းလို့ကောင်းအောင်လို့ စကားလုံးကြီးကြီးလေး သုံးကြည့်တာပါ။
ဖတ်ဖူးသမျှ စာအုပ်တွေပြန်လှန်ပြီး ပြောရရင်တော့ ကျွန်တော်တို့အားလုံး ခရီးသွားနေကြသူတွေပါ၊ တစ်နည်းအားဖြင့် ပျံသန်းနေသူများပါ။
ဝပြောသာယာသောအရပ်မှ စတင်ခရီးထွက်ခွါသူများအဖို့ စားနပ်ရိပ်က္ခာလုံလုံလောက်လောက်နဲ့ အခြေခံကောင်းတွေ ဖန်တီးခွင့်ရကြမှာပါ။ အချို့က ခရီးသွားရင်းရိက္ခာစုကြသူများရှိသလို Ready Make ပါသမျှစားသုံးပြီး ခရီးဆက်သူများလဲ ရှိကြမှာပါ။ ဆက်လက်ပျံသန်းရင်း ဒေသအမျိုးမျိုးကို ပြတ်သန်းရင်း သာယာတဲ့ ရာသီဥတုများတွင်နားခိုရင်း ပန်းတိုင်း ခရီးအမျိုးမျိုးကို ရရှိကြမှာပါ။ မတူညီသော အခြေခံများနှင့် မတူညီသော ဖြတ်သန်းမှုမှာ ရောက်ရှိကြမယ့် ကျွန်တော်တို့ရဲ့ခရီးများ အမြဲတူညီနေလိမ့်မည် မဟုတ်ပါ။ ကျော်တက်ခံရလို့ရုံးနိမ့်မှုများရှိသလို ပုံမှန်ဖြေးဖြေးနဲ့ အောင်မြင်းမှုဆွတ်ခူးသူများလဲ ရှိမှာပါ။
သို့ပါသော်လဲ ပျံသန်းသူများအားလုံး တူညီသော အခြေခံမူတစ်ခုမှာ စိတ်ဓါတ်အဖေါ်မွန်ပင်ဖြစ်ပါသည်။ တစ်သမတ်တည်းမရှိသော ကျွန်တော်တို့ရဲ့ ခရီးသွားချင်းများသည် စွဲကိုင်ထားသောအဖေါ်မွန်ကသာ ကျွန်တော်တို့ အားလုံး၏ မှန်တစ်ချပ်ပင်ဖြစ်ပါသည်။ ရိုးသားသောမျက်လုံးများကို မှန်ထဲမှာရှာဖွေကြပါစို့။

Tags: အတွေး

Share

Reply to This

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker