U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ

ဒီပြင်ပ ပညရေးအခြေအနေအရ ဆယ်တန်းအောင်ခဲ့ပြီးတဲ့ကျောင်းသူကျောင်းသားတွေက ပညာဆက်သင်နိုင်ဖို့ အခွင့်အရေးအရမ်းရှားပါးတယ်၊ ဒီအတွက် ကျမတို့လို့ လူငယ်တွေပေါ့နော်။ အခွင့်မရှိတဲ့ကြားကနေ ကိုယ့်ကိုယ်ကိုတိုးတက်အောင်မြင်ဖို့အတွက် ဘယ်လို့လေ့လာရမလဲ။ သိထားသလောက်တတ်ထားသလောက် မျှဝေပေးကြပါလို့ တောင်းဆိုပါတယ်

Share

Reply to This

Replies to This Discussion

*အခွင့်မရှိတဲ့ကြားကနေ ကိုယ့်ကိုယ်ကိုတိုးတက်အောင်မြင်ဖို့အတွက် ဘယ်လို့လေ့လာရမလဲ*
ကိုယ်ထင်တာပြောရရင်တော့ အဲလိုလုပ်ချင်တဲ့ စိတ်လေးရှိနေတာကိုက ပဌမအဆင့်က ပြီးနေပါပြီ ဒုတယအနေနဲ့ကတော့ ကိုယ်နဲ့ အလှမ်းဝေးတာကို စဉ်းစားနေမယ့်အစား အနီးစပ်ဆုံးလုပ်လို့ရတာကနေ စကြည့်လိုက်ပါ။ ဥပမာ ကိုယ်စိတ်ဝင်စားတဲ့လိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ရှာဖတ်တာမျိုးပေါ့ စာအုပ်ကနေသင်ယူလို့ရတာ အများကြီးကျန်နေပါသေးတယ်။ :)

Reply to This

ဟုတ်တယ်ကိုဌေးပြောတာသိပ်မှန်တယ်.......နောက်ပြီး ကြပ်သိပ်တဲ့ဘ၀ကနေပြီးတော့ ထိုးထွက်ပွင့်ဖူးနေတဲ့ပန်းလေးတွေက ပိုလို့တန်ဖိုးရှိမယ်ထင်တယ်... စိတ်ကသာ မြဲမြန်စွာသဓေတည်ပြီးတော့ အားလေးပါစိုက်ထုတ်လိုက်ရင်တော့ ကြပ်သိပ်တဲ့ဘ၀ထဲကနေ လွတ်မြောက်အောင် လမ်းစရှာလို့ရမှာမလွဲပါဘူး.....အရည်အချင်းဆိုတာတဲ့ လေ့ကျင့်လို့ရယူနိုင်တဲ့ အရည်အသွေးတွေပါတဲ့.....ကိုယ်လုပ်ဆောင်တဲ့အပေါ်မှာသာ များများလေ့လာ၊လေ့ကျင့်ရင်း အရည်းအချင်းတိုးတက်လာပါလိမ့်မယ်လို့ ဖတ်မှတ်ဖူးပါတယ်။ တခါတုန်းက နယ်စားကြီးက နပိုလီရန်ကို မေးတယ်...ခင်ဗျား စစ်ပွဲတွေကိုအောင်နိုင်တာ ခင်းဗျားရဲ့ ”ရဲရင့်တဲ့ သတ္တိကြောင့်လား”။ နပိုလီရန်က မဟုတ်ဘူးလို့ပြန်ဖြေလိုက်တယ်။ နယ်စားကြီးက ဆက်မေးတယ် ဒါဆိုရင် ခင်ဗျား ရဲ့ “အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းမှုကြောင့်လား”။ မဟုတ်သေးဘူးလိုဘဲ နပိုလီရန်က ပြန်ဖြေတယ်။ နယ်စားကြီးကလည်း ထပ်မေးပြန်တယ် ဒီလိုဆို ခင်ဗျားရဲ့“ မွေးရာပါ ပါရမီကောင်းကြောင့်လား”။ အဲဒါလည်း မမှန်သေးဘူးလို့ နပိုလီရန်ကဖြေတယ်။ နောက် သူကဆက်ပြောတယ် ဘာကြောင့်လည်းလို့ ခင်ဗျားထင်လည်း....အဲဒါ လေ့ကျင့်ချင်းဟာ နုလုံးသားကို ထွန်းပြောင်စေလို့ပါတဲ့.....

Reply to This

ဘယ်နေရာ ဘယ်နိုင်ငံမှာဘဲဖြစ်ဖြစ်ပါ။ ကိုယ်လေ့လာချင်တဲ့ပညာရပ်ကို သိပြီ၊ ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုသိပြီဆိုမှ ပထမအဆင့်အနေနဲ့ အိုကေတယ်ဘဲပြောရမယ်။ ကိုဌေးပြောသလိုပါဘဲ လုပ်ချင်တဲ့စိတ်လေးကလဲရှိနေပြီဆိုတော့ ပိုကောင်းသွားတာပေါ့။ လေ့လာသင်ယူခြင်းမှာ formal နဲ့ informal ရှိတယ်ဆိုတာ သိပြီးဖြစ်မယ်ထင်ပါတယ် မခင်သူရေ။ formal နဲ့ အဆင်မပြေတော့လဲ informal နဲ့သွားလဲ အဆင်ပြေနိုင်ပါတယ်။ ကျွန်တော့အသိတစ်ယောက်ရှိပါတယ် ကွန်ပြူတာသမားပါဘဲ၊ ကွန်ပြူတာကို ကျွန်တော်တို့လောက် သင်တန်းမတက်ဘူးပါဘူး။ ဒါပေမယ့် ကျွန်တော့်ထက်ပိုတော်ပါတယ်။ ဆိုတော့ အထိအတွေ့များဖို့လဲလိုပါတယ်။ ဒီနေရာမှာ ဆရာပြောဘူးတဲ့ စကားလေးတွေ ပြန်ပြောချင်ပါသေးတယ်။ ကိုယ်ဖတ်နေတဲ့စာအုပ်ဘဲ ဖြစ်ဖြစ် တစ်ခြားအရာတစ်ခုဘဲဖြစ်ဖြစ် သူတို့နဲ့ ရင်းနှီးနေဖို့လိုပါတယ်။ သူတို့နဲ့ ရင်းနှီးနေမယ် အကျွမ်းတ၀င်ရှိနေမယ်ဆိုရင် အိုကေပါပြီ။ အကြံပေးချင်တာတစ်ခုကလဲ ကိုယ့်ကိုယ်ကို ဘာလုပ်နိုင်လဲ၊ ကိုယ့်မှာဘာအရည်အချင်းတွေရှိလဲ၊ ကိုယ်သွားမယ့်လမ်းကြောင်းအတွက် အဆင်ပြေပြီလား ဘာတွေလုပ်ဖို့လိုသေးလဲ ဒါလေးတွေလဲ သိထားရင်ပိုကောင်းတယ်လို့ မြင်မိပါတယ်။ အဲ့အချိန်မှာလဲ ဖြစ်တတ်တာတစ်ခုက သူများတွေနဲ့ သွားတိုင်းမိတာပါဘဲ၊ ကိုယ့်ထက်သာတဲ့လူနဲ့ တိုင်းမိတဲ့အချိန်မှာ အားကျမိတတ်ပါတယ်၊ ကျလဲကျသင့်ပါတယ်။ ဒါပေမယ့် အားငယ်စရာတော့ မလိုဘူးထင်ပါတယ်။ အကြောင်းကတော့ ကိုယ်ကသူမဟုတ်လို့ပါ။ သူကလဲ ကိုယ်မဟုတ်ပါဘူး။ ရိုးစင်းသော်ငြားလည်း လူတိုင်းလိုလိုဖြစ်တတ်ကြပါတယ်။ ကိုယ့်ထက်တော်တဲ့လူနဲ့တွေ့တဲ့အချိန်မှာ အားကျစိတ်များပြီး၊ လုပ်ချင်စိတ်တွေတစ်အားဖြစ်လာချိန်မှာ လုပ်နိုင်လျှင်ကအကြောင်းမဟုတ်သော်ငြားလည်း အခက်အခဲတစ်ခုခုတွေ့ချိန်မှာ စိတ်ဓာတ်ပါကျတဲ့အထိဖြစ်တတ်ပါတယ်။ ဆရာလဲ ပြောဘူးပါတယ် စာသင်တယ်ဆိုတာ စိတ်ကိုသင်တာပါ၊ စိတ်ကို လေ့ကျင့်တာပါ။ လူငယ်ဆိုတဲ့ စကားလုံးကိုသုံးတယ်ဆိုတည်းက တက်ကြွမှု့၊ စိတ်အားထက်သန်မှု့၊ စူးစမ်းလိုမှု့၊ ဒုတ်ခ ခံနိုင်မှု့တွေပါ ပါလာလိမ့်မယ်လို့ ကျွန်တော်ယူဆမိပါတယ်။ နောက်တစ်ခုက ကိုယ်သွားချင်တဲ့လမ်းကြောင်းအတွက် အစလေး တစ်စ စပြီးဆွဲထုတ်နိုင်ဖို့လိုပါတယ်။ ပညာရပ်ကို ကိုယ်ဖြစ်နေတဲ့အတိုင်းအတာ၊ ကိုယ့်မှာရှိနေတဲ့ အရည်အချင်းတွေနဲ့ ဘယ်လိုဘယ်နည်းနဲ့စပြီးချဉ်းကပ်မယ်ဆိုတာမျိုးပါ။ ဒေါက်တာကျော်စိန်ရဲ့ သင့်သ၀တစ်သက်တာ အသုံးချစိတ်ပညာ စာအုပ်ထဲကအကြောင်းအရာတစ်ခုကိုလဲ ပြောပြချင်ပါသေးတယ်။ ရည်မှန်းချက်တစ်ခုရှိတယ်ဆိုပါဆို့ ဥပမာ-ဆရာဝန်ပေါ့ ကြိုးစားခဲ့တယ်၊ ဖြစ်မလာခဲ့ဘူး ဘာဆက်လုပ်မလဲ၊ ကိုယ်ကလဲ ၀ါသနာပါတာက ဆေးပညာကိုဘဲ၊ ဒီနေရာမှာ ဒေါက်တာကျော်စိန်က plan-A / plan-B အနေနဲ့ ခွဲခြားပေးထားပါတယ်။ ဆေးကျောင်းတက်ဖို့ အမှတ်မမှီခဲ့ဘူးဆိုရင် ယခုခေတ်အခြေအနေအရ ဆေးဝါးကျွမ်းကျင်ကျောင်းကို ဆက်တက်နိုင်ပါသေးတယ်။ plan-A က ဖြစ်မလာဘူး၊ ဘာမှမလုပ်ဘဲ စိတ်ညစ်နေမယ့်အစား၊ plan-B ကို အကောင်အထည်ဖော်နိုင်မလားဆိုတာကိုဘဲ စဉ်းစားသင့်ပါတယ်။ ဖြစ်နိုင်လျှင်တော့ plan-C အထိထားတတ်လျှင်ပိုကောင်းသည်ဟု ပြောထားပါသည်။ plan-C အတွက်ကတော့ နပ်(စ်) ဒါမှမဟုတ် ဆေးဆိုင်ဖွင့်ရန် ကြံစည်ခြင်းဘဲပေါ့။ လူတိုင်းကတော့ သံမဖြစ်ချင်ပါဘူး သံမဏိဘဲဖြစ်ချင်ကြပါတယ်၊ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြပါသည်။ သံမဏိဖြစ်ဖို့ရာကလဲ မီးပြင်းပြင်းတော့ အတိုက်ခံနိုင်ဖို့လိုပါလိမ့်မည်ဟုထင်မိပါသည်။ ခရီးမထွက်ခင် ကြိုတင်ပြင်ဆင်ရသလို အိပ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ရာလဲ အစစအရာရာ ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု မြင်မိပါသည်။ ကိုယ်သွားမယ့်လမ်းကြောင်းအတွက် ကိုယ့်ရှေ့ကသွားခဲ့ပြီးသားလူတွေရဲ့ မြေပုံအကြမ်းလေးများဖြစ်ဖြစ် ရနိုင်လျှင်တော့ပြောဖွယ်ရာမလိုတော့ဘူးထင်ပါရဲ့။

>> အိပ်မက်မခြောက်ခန်းခဲ့ဘူးသူမရှိပါ.......လဲကျတတ်တာသဘာဝမို့ လဲကျခဲ့လျှင်ပြန်ထခဲ့ပါ
>>>ဒီနေ့မသေလျှင် မနက်ဖြန်သေနိုင်တယ် မသေခင် ကောင်းတာလေးတွေလုပ်ကြတာပေါ့

Reply to This

ညီမက ဆယ်တန်းအောင်ကာစဆိုရင် အစ်ကိုတို့ထက် ၈နှစ်ကျော် ၉နှစ်လောက် ငယ်လိမ့်မယ်ထင်တယ်....။တိုးတက်အောင်မြင်ဖို့ ဆိုတာနည်းလမ်းရှိပါတယ်....။ ဆရာသမားတွေ ညွှန်ပြထားတဲ့ နည်းလမ်းတွေလည်း အများကြီးပါပဲ....။
ဒါပေမယ့် ဆရာတွေကူလို့မရတာ တစ်ခုတော့ရှိတယ်....။ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ အရင်သိအောင်လုပ်ပါ....။ ကိုယ်ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ကိုယ့်ကိုယ်ကို အရင်ပြန်မေးပါ။ အခုခေတ်မှာ သင်ချင်စရာတွေက အများကြီးပဲ...။
ပညာသင်ဖို့က ထင်သလောက် မခက်ခဲဘူး....။ ဘယ်လိုင်းကို ရွေးရမလဲဆိုတာက ခက်ခဲတာ။
လူတိုင်းမှာမွေးရာပါ အရည်အချင်းတစ်ရပ်တော့ ရှိပါတယ်....။ အဲ့ဒီအရည်အချင်းကို သိအောင်အရင်လုပ်ပါ....။ အရည်အချင်းဆိုတာ
ကျောင်းမှာ စာတော်တာနဲ့ မဆိုင်တော့ဘူး....။ တချို့ဆိုရင် ကျောင်းမှာစာညံ့ပေမယ့် ခေါင်းဆောင်မှုပိုင်း စီမံခန့်ခွဲမှုပိုင်းမှာ
တော်တတ်ကြတာ တွေ့ဖူးမှာပေါ့...။ အဲ့ဒါ အရည်အချင်းတစ်ရပ်ပဲ။ စကားပြောတတ်တာ....လူတိုင်းနဲ့ တည့်အောင်ပေါင်းတတ်တာ
ကအစ အရည်အချင်းတွေပဲ။ အဲ့ဒီအရည်အချင်းတွေ တိုးတက်လာအောင် ဘယ်မှာရှာရမလဲဆိုရင်....ဘ၀ထဲမှာရှာပါ။ နေ့စဉ်
ကြုံတွေ့သမျှဟာ ပညာယူစရာတွေချည်းပါပဲ။

အခုခေတ်အခြေအနေအရ ကိုယ်စိတ်မ၀င်စားတောင်မှ သင်ထားသင့်တဲ့ ပညာတွေရှိပါတယ်....။ ဆိုရိုးစကားတစ်ခုရှိတယ်
You will not ahead of other unless you get even တဲ့...။ ဘွဲ့ရချင်ရင် အနည်းဆုံး ၁၀တန်းတော့ အောင်ရမှာပေါ့....။
ဒီအတိုင်းပဲ အခုအချိန်မှာ အလုပ်ထဲဝင်ချင်ရင် အနည်းဆုံး အင်္ဂလိပ်လိုတော့ ပြောတတ်၊ဖတ်တတ်၊ ရေးတတ်မှ ရမယ်။
ပြီးတော့ ကွန်ပျူတာကိုလဲ အနည်းဆုံး Office Software တွေကိုသုံးတတ်အောင် သင်ထားမှရမယ်။ ပြီးမှ အင်တာနက်ကို
ဘယ်လိုထိထိရောက်ရောက် သုံးရမလဲဆိုတာ ဆက်လေ့လာသင့်ပါတယ်။ ဘာသာစကားတစ်မျိုးကိုတော့ ကျွမ်းကျင်အောင်
သင်ထားပါ။ ကျွမ်းကျင်အောင်ဆိုတာက ပြောတတ်ဆိုတတ်ရုံသင်ထားပြီး နောက်ဘာသာစကားတစ်ခုကို
သွားမသင်ပါနဲ့....။ ဘာသာစကားနှစ်ခုကို ဟိုမရောက် ဒီမရောက် တတ်တာထက်စာရင် တစ်ခုထဲကို ကျွမ်းကျွမ်းကျင်ကျင်
တတ်တာက ရေရှည်မှာ ပိုပြီး အကျိုးများပါတယ်။ ဘာသာစကားနဲ့ ကွန်ပျူတာကတော့ မတတ်မဖြစ်တတ်ထားရမယ့်
essential ကျတဲ့ပညာရပ်တွေပါ။ အဲ့ဒီပညာတွေသင်နေရင်းကနေ အပြင်လောကနဲ့ အထိအတွေ့ရှိလာပါလိမ့်မယ်။
အဲ့ဒီအချိန်ကျမှ ကိုယ်ဘာပညာရပ်ကို တကယ်စိတ်ဝင်စားလဲဆိုတာ သတိထားရင် သိလာပါလိမ့်မယ်။ ဒီအခါမျိုးကျရင်တော့
အဲ့ဒီပညာကိုပဲ ဇောက်ချလုပ်ပေတော့....။ အဲ့ဒီအကြောင်းကို ကိုယ်တွေ့လေးနဲ့ မျှပြီးအကျယ်ပြောချင်သေးတယ်...။

Reply to This

လေ့လာဖို့ရွေးချယ်စဉ်းစားတဲ့အခါ ၀ါသနာလဲပါ(အရေးအကြီးဆုံး)၊ကိုယ်ကိုတိုင်လဲ လက်လှန်းမှီရမယ်(ကျွန်တော်ဆို David Beckham လို footballer ဖြစ်ချင်လို့မရဘူး)။ လက်တွေ့လုပ်နိုင်ရမယ်..။လိုင်းပေါ်မှာရှိဖို့လဲလိုသေးပြန်တယ်။ဒါကဈေးကွက်ရဲ့ သဘော..။ဝယ်လိုအားနည်းတဲ့ ထုတ်ကုန်မျိုး ထုတ်မိရင်အရောင်းမတွင်သလိုပေါ့..။ကိုယ်ရွေးမိတဲ့လိုင်းက့ hot ဖြစ်နေရမယ်။နောင်မဝေးတော့တဲ့ကာလမှာ ဘယ်လို အလုပ်မျိုးက ပိုပြီးအရေးပါလာနိုင်သလဲ ကြိုတင်ချိန်ဆပြီး ရွေးချယ်လေ့လာရမယ်...။ဒါမှအချိန်ကုန်၊ငွေကုန်၊လူပင်ပန်း သက်သာပြီး ထိရောက် အကျိုးရှိပါမယ်...။

Reply to This

မခင်သူရေ....ကျွန်တော်တို့ပြောထားတာလေးတွေကို အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်နော်။ ဆွေးနွေးတာလေး ပိုပြီးကြွလာအောင် ဆိုက်ထဲထားဝင်ဖြစ်ရင် တစ်ခုခုပြန်ပြောထားပေးစေချင်ပါတယ်။ ဒါမှလဲ ဆွေးနွေးပွဲလေးတွေက ပိုပြီးအသက်ဝင်လာမယ်လို့ ကျွန်တော်ထင်မိပါတယ်။

Reply to This

RSS

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker