U Mya Kyaing's Students Community

သူငယ်ချင်းအားလုံးအတွက် နွေးထွေးပျော်ရွှင်စရာ နေရာလေး တစ်ခုပါ


သို့ သူငယ်ချင်းလေးရေ

မင်းဟာ အမြဲတမ်း အားနာတက်တဲ့သူဆိုတော့ ငါဒီစာလေးနဲ့ မင်းကို အားပေးပါရစေကွာ...
ငါ့စာလေးတွေဟာ မင်းအတွက် အဟာရဖြစ်ခဲ့မယ် ဆိုရင်တော့ ဒီစာကိုရေးတဲ့ငါ့မှာ ပီတိကလေး တော့ ဖြစ်မိတယ် ဆိုရင် ငါမလွန်လောက်ပါဘူးနော် သူငယ်ချင်းလေး...။
တစ်ကယ်တော့
မင်းဟာ အူတူတူ အတတ တစ်ယောက်မဟုတ်ဘူးနော် သူငယ်ချင်းလေး... ဒါပေမယ့် အားနာတက် တော့ မင်းဟာ လူတွေကြားထဲမှာ အဲလိုဖြစ်နေပြီ သူငယ်ချင်း မင်းဒါတွေကိုပြင်မှရမယ်နော်... ဒါမှ မင်းဘ၀လေး ကောင်းသွားမှာပေါ့နော် နို့မို့ဆိုရင် အားနာတာနဲ့ပဲ အလုပ်က တစ်ဘက်ရှုံးနေပြီလေကွာ...မဟုတ်ဘူးလား
ငါ စကားတစ်ခွန်းကြားဖူးတယ် သူငယ်ချင်း အားနာရင်ခါးပါတယ်တဲ့ အသေးအဖွဲမှာ အားနာတက်နေရင် လုပ်ငန်းကြီးကြီးမှာဆိုရင် ဆုံးရှုံးမှုတွေပိုများမှာပေါ့ သူငယ်ချင်းရယ်... မင်း အလုပ်တစ်ခုခုလုပ်နေတုန်း အားနာလိုက်တာဆိုတဲ့အသိ ၀င်လာရင် ငါ့စကားကို ကြားရောင်လိုက်ပါကွာ သူငယ်ချင်းလေး... ဒီစာဟာ မင်းအတွက် အားဆေးတစ်ခွက်ဖြစ်နိုင်ပါ စေလို့ ဆုတောင်းရင်း နဲ့ မင်းရဲ့ သူငယ်ချင်းလေး အာကာဖြိုး

Share

Reply to This

© 2009   Created by kohtay on Ning.   Create a Ning Network!

Badges  |  Report an Issue  |  Privacy  |  Terms of Service

Sign in to chat!
eXTReMe Tracker